ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား ဒုတိယအကြိမ် အခြေခံစားကုန်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား ဒုတိယအကြိမ် အခြေခံစားကုန်များထောက်ပံ့

 


MNP - နိုဝင်ဘာ   ၁၂


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အခြေခံအိမ်ထောင်စု ပြည်သူများအား စာဝတ်နေရေး အထိုက် အလျောက် ပြေလည်စေရန် ရည်ရွယ်၍ အခြေခံစားကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ရေနံချောင်းမြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား ဒုတိယအကြိမ် စားကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇင်ဦးက တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ မိမိတို့မြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၀၀)၏ စားဝတ်နေရေး ပြေလည်စေရန်အတွက် ပြည်သူများ လက်ဝယ်အရောက် ပထမအကြိမ် စားကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ရေနံချောင်း တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုစားကုန်များ ထောက်ပံ့ပေး ခြင်းသည် ဒုတိယ အကြိမ်ဖြစ်ပြီး အခြေခံအိမ်ထောင်စုများအနေနဲ့ အထောက်အကူတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရောက်ရေး အသင်းဥက္ကဋ္ဌတို့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ တို့ကို အခြေခံအိမ်ထောင်စု ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အခြေခံအိမ်ထောင်စု(၅၀၀)မှ ပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)