မင်းတုန်းမြို့‌နယ်တွင် မိုးစပါးဆင်းသုခမျိုးသန့်စိုက်ခင်း စံကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့‌နယ်တွင် မိုးစပါးဆင်းသုခမျိုးသန့်စိုက်ခင်း စံကွက်ရိတ်သိမ်း

 



MNP - နိုဝင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားအုပ်စု၊ ဇီးတောကျေးရွာ ကွင်းအမှတ်(၃၂၈) တံတားကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ အကျိုးဆောင်သူ ဦးစိန်နိုင်၏ လယ်တွင် ယမန်နေ့ နံနက်(၉)နာရီက မိုးစပါးဆင်းသုခမျိုးသန့် စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုထွက်တင်း ၁၁၀ ထွက်ရှိ‌ကြောင်း သိရသည်။


အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနှင့် စိုက်ကြပ်အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ကျေးရွာရှိ တောင်သူများ တက်ရောက်ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကား‌ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ယခုကဲ့သို့ တစ်ဧကအထွက်နှုန်း စပါးတင်း ၁၀၀ ကျော်ထွက်ရှိရန် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား အသေးစိတ် ပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် အကျိုးဆောင်တောင်သူဦးစိန်နိုင်မှ သူ့လယ်ကဲ့သို့ စပါးအောင်မြင်ဖြစ်ထွန်းရန် တံတားဆည်ရေသောက်ဧရိယာရှိ တောင်သူများအား လာမည့်မိုးတွင် မျိုးသန့်စိုက်ခင်းများဖော်ဆောင်ရန် တိုက်တွန်းစည်းရုံးပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)