ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

 




MNP - နိုဝင်ဘာ  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။


အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့် အကြိမ်အလိုက်  စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက် ရှိကြောင်းသိရသည်။


ထိုသို့ထိုးနှံပေးရာတွင် ယနေ့နံနက်ပိုင်းက ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ ၁၁ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး(တတိယအကြိမ်) ၂၉ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး(စတုတ္ထအကြိမ်) ၃ ဦးထိုးနှံပေးပြီးကြောင်းနှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)