ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်



MNP - နိုဝင်ဘာ  ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်   ကြက်ခြေနီအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဦးစန်းလွင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သင်တန်းဌာန(တာဝန်ခံ) ဒေါ်ရင်ရင် က ကြက်ခြေနီအကြောင်း သိကောင်းစရာ အခြေခံမူ(၇)ချက်၊ လူနာတစ်ဦးအား ဆန်းစစ်ရမည့်အချက်များနှင့် ပတ်သက်၍ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် အသက်ရူအားကူနည်း၊ ပတ်တီးစည်းနည်းများအား လက်တွေ့သရုပ်ပြ သင်ကြားပြသခဲ့ပြီး ကလေးငယ်များအား ရှေးဦးပြုစုနည်းများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကြက်ခြေနီအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို (၁၅.၁၁.၂၀၂၂)မှ (မှ၂၈.၁၁.၂၀၂၂)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်း(၈)ကျောင်းတွင် ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်မင်းဟန်


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)