မဟာအောင်မြေမြို့နယ်ရုံး ကလေးစာဖတ်ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြော ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်ရုံး ကလေးစာဖတ်ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြော ပြိုင်ပွဲများ ကျင်းပ



MNP - နိုဝင်ဘာ   ၁၁


မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲများတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ မှတ်သားမှု အားကောင်း‌စေရန်၊ စာ‌ပေဖတ်ရှု‌လေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှု ရှိစေရန် စသည့် ရည်ရွယ်ချက် များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး စကားပုံဆက် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား/ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရ လက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)