မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက် မှ ဆရာတော်ကြီးများနှင့်သီလရှင်များအား ဆွမ်းဆန် စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက် မှ ဆရာတော်ကြီးများနှင့်သီလရှင်များအား ဆွမ်းဆန် စိမ်းလောင်းလှူ







MNP ၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ  အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိ နှင့် သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များ နှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ ယနေ့ ညနေ ၄ နာရီက  ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်တော်အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တပ်၊ မြို့သစ်၊ အောင်မင်္ဂလာ နှင့် ဗန္ဓုလရပ်ကွက်နေ  ကုသိုလ်ရှင်၊ ပါရမီရှင် အလှူရှင်ပြည်သူများက နေ့ဆွမ်း နှင့်အာရုံဆွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြောင်း သိရသည်။

 

မြင့်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)