MNP ၊ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၃၂)ကြိမ် မြောက် မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ ၊ အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းအုပ်ဆရာကြီး ဦးမောင်ခင် ဝင်း နှင့်ဆရာ ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ် များ က နမောတဿ သုံး ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး အလိုတော် ပြည့် ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောင် တည် ကြ သည်။
ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့် တော် မူကြပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း နှင့်ဆရာ ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ ၊ ဧည့်ပရိတ်သတ် များ က ဆရာတော် သံဃာ တော် အရှင် သူမြတ်များအား ကထိန်မ သင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ဝတ္တူ ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အလိုတော်ပြည့် ဆရာတော် ဘုရားထံမှ အနုမော ဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကာရတနာရွှေမိုး၊ငွေမိုးရွာသွန်းခဲ့ကြသည်။ယင်းနောက် ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဘုရား ဆုတောင်း၏၍ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ဆရာတော် ၊သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment