ရသေ့တောင်မြို့နယ်တွင် (၂၈)ကြိမ်မြောက် မြို့မ အထက(၁)မိသားစု၊ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် (၂၈)ကြိမ်မြောက် မြို့မ အထက(၁)မိသားစု၊ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်






MNP ၊ နိုဝင်ဘာ ၂ 

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်တွင် မြို့မအခြေခံပညာအထက်တန်း(အထက-၁)ဆရာကြီးနှင့်  ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများ၊ မိဘဆရာအသင်းများမှ ကြီးမှူးကျင်းပသော (၂၈)ကြိမ် မြောက် ပညာရေးမိသားစု၊ စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့် လည်ပွဲကို ယနေ့ နံနက် ၈နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာလှည့်လည် ကျင်းပခဲ့သည်။

(၂၈)ကြိမ်မြောက် အထက-၁ပညါရေးမိသားစု၊စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စီတန်းလှည့်လည်ရာတွင်ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊ ဖိတ်ကြားထားသောကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ မှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၁၃)ပင်နှင့် လှူဖွယ်ဝတ္တုများ၊ သင်္ကန်းများဖြင့်  မြို့ပေါ်(၄)ရပ်ကွက်အတွင်းသို့စည်ကားသိုက်မြိုက်စွာလှည့်လည် ခဲ့ကြသည်။

အထက -၁ပညာရေးမိသားစု၊ စုပေါင်းမဟာဘုံကထိန် ကပ်လှူပွဲ အခမ်းအနားကို နိုဝင်ဘာ(၂)ရက်နေ့နံနက်(၁၀)နာရီအချိန်တွင် မြို့မအထက -၁၊ ကျောင်းဆောင်သစ်ဦးရှောင်ခန်းမအတွင်း ပုရိမဝါမမှထမြောက်ကြကုန်သော ရဟန်းသံဃာ (၉)ပါးတို့အား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)