အတ္တရံမြစ်ကမ်းနား၌ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အတ္တရံမြစ်ကမ်းနား၌ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ



MNP - နိုဝင်ဘာ   ၇


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို ယနေ့(တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၄ နာရီ၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တာမထေရ်မြတ်ကြီး တည်ထားရာကျောင်းဆောင်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါမြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၈)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ရာ မြို့လုံးကျွတ်မျှ ပြည်သူများက ဆွမ်းအိုးမျှောမည့်အတ္တရံမြစ်ကမ်းနားတစ်လျောက်၌ အရုဏ်တက်ချိန် မှစတင်ကာ မိမိတို့ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ဆီမီးဖရောင်းတိုင်များ အမွေးနံ့သာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကို အတ္တရံမြစ်အတွင်းမြစ်ရေတက်ချိန်တွင် ဆွမ်းအိုးမျှောပူဇော်ကြပြီး မိမိတို့ အလိုရှိရာဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်မြတ်ထံ ဆုတောင်းကြခြင်း ဖြင့်ဆုတောင်းများပြည့်ဝကာ စီးပွားဥစ္စာတိုးပွားကြသဖြင့် ယုံကြည်စွာ နှစ်စဉ်ရိုးရာမပျက် ဆင်ယင်ကျင်းပလာခဲ့ကြကြောင်း ဒေသခံတစဦးကပြောသည်။


ထို့နောက် မြစ်ကမ်းနားညွတ်မျှဆွမ်းအိုးမျှောသူများအား ကျိုက်မရောမြို့ပေါ်ရပ်ကွက်များမှာ စေတနာရှင်အလှူရှင်များက နံနက်စာအဖြစ် မုန့်ဟင်းခါးများ၊ ရေစိမ်မုန့်တီများ၊ မယ်ဇလီဖူးသုတ်များ၊ ကြက်သားဆန်ပြုတ်များ၊ ကြေးအိုးပြုတ်များဖြင့် စတုဒိတာ ကျွေးမွေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ မြို့ခံပြည်သူများဖြင့် တိုးမပေါက်အောင်စည်ကားလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)