MNP - နိုဝင်ဘာ ၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် (၃၈၈၀) ပေတည်ရှိပြီး၊ ဓနုလူမျိုးအများစုနေထိုင်ကြကာ ရှမ်း၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ပလောင်၊ ဗမာ စသည်တို့နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြ၍၊ အခြားဘာသာကို ကိုးကွယ်ယုံကြည်ကြသူများလည်းရှိကြပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူအများစုမှာ စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ပင်းတယမြို့နယ်သည် ရှေးဟောင်းဘုရားစေတီ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ထွန်းကားရာဒေသဖြစ်ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစား လာရောက်လှည်ပတ်သည့်မြို့ဖြစ်ကြောင်း သိရသည်။
ယနေ့တန်ဆောင်းလပြည့်နေ့တွင် ပင်းတယမြို့တွင် ဘုရားဖူးဧည့်သည်များ၊ အပန်းဖြေ အနားယူ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
သတင်း - အောင်ကိုဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment