အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၃

လူမှုဝန်ထမ်းဦးစီးဌာနက Quick Win Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံချက် အကောင်အထည်ဖော်ရေးတွင် အသက်မွေးဝမ်းကျောင်းသင်တန်း ပူးပေါင်းပါဝင်ဖွင့်လှစ်သော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဥတ္တရသီရိမြို့နယ်၊ ဇဝန နေ့ကလေးထိန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သူဇာဝေ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ သကြားဟင်းအိုးကျေးရွာတို့မှ သင်တန်းသူ(၂၀) တက်ရောက်ကြသည်။

သင်တန်းတွင် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို စီမံချက် (၁၊ ၂၊ ၃) အဆင့်ဆင့်သတ်မှတ်၍ နေပြည်တော် လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ သကြားဟင်းအိုးကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိရာ စီမံချက် အဆင့်(၂)၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာသင်တန်းများအဖြစ် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက ပူးပေါင်းပါဝင် ဆောင်ရွက်သည့် ဝါးလက်မှုသင်တန်းဖြစ်ပြီး သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝါးများကို စနစ်တကျအသုံးပြု၍ အိမ်တွင်းလက်မှုထည်ပစ္စည်းများ စနစ်တကျ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်ထိ ရည်ရွယ်သင်ကြားသည့် အစီအစဉ်ဖြစ်သည့်အတွက် မိသားစုဝင်ငွေ တိုးပွားစေမည့်အပြင် ဈေးကွက်စီမံခန့်ခွဲမှုကိုလည်း သိရှိနားလည်နိုင်မည်ဖြစ်၍ အကျိုးရှိတဲ့ သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် တတ်မြောက်သည်မှ ပိုမိုဖန်တီးတီထွင်နိုင်သည်အထိ ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဉက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ယခုဖွင့်လှစ်မည့် ဝါးလက်မှုသင်တန်းကို နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (၇)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)