ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ ၅


ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ WCC အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးများ၊ ကျန်ရစ်သူမိသားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက မြို့နယ်လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်) မှ အာမခံအလုပ်သမား ဦးစိုးသီဟဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၉၉,၀၀,၀၀၀ (ကိုးဆယ့်ကိုးသိန်း) ကျပ်ကို ဇနီးဖြစ်သူ ဒေါ်ဆွေဆွေဦးအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးစက်မှုဇုန် Bago Sports Gloves Co.,Ltd စက်ရုံမှ အာမခံအလုပ်သမား ဦးသန်းကျော်အောင်၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခြင်း အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်၄၇,၁၉,၀၀၀ (လေးဆယ့်ခုနှစ်သိန်းတစ်သောင်း ကိုးထောင်) ကျပ်ကို ဖခင်ဖြစ်သူ ဦးအောင်မျိုးလွင်အားလည်းကောင်း ပေးအပ်ခဲ့သည်။


ယင်းနောက် ပဲခူးမြို့ မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်) မှ ဒုတိယဦးစီးမှူး ဒေါ်သီတာထွန်းက ကျန်ရစ်သူအကျိုးခံစားခွင့်ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ယနေ့တွင် ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်း မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၂) ဦး၏ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရ သေဆုံးမှုအတွက် စုစုပေါင်းငွေကျပ် ၁၄၆,၁၉,၀၀၀ (တစ်ရာလေး ဆယ့်ခြောက်သိန်း တစ်သောင်းကိုးထောင်) ကျပ်ကို ခွင့်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)