မအီမြို့၌ အံတော်သိမ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ အံတော်သိမ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ






MNP ၊  နိုဝင်ဘာ  ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်  ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့်  ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်၌ တည်ထားကိုးကွယ်သည့် အံတော်သိမ်စေတီတော် ထီးတော်တင်မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စေတီတော်အား ထီးတော်တင်ပူဇော်ခြင်းမပြုမီ မြောက်ဦးဆရာတော်နှင့် ဆရာတော်သံဃာတော်များက အံတော်သိမ်စေတီတော်အားခြံရံလျက် မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး အခမ်းအနားသို့ ရောက်ရှိလာကြသည့် ရဟန်းရှင်လူပြည်သူများက ထီးတော်တင်မင်္ဂလာကိုစတင်ပြီး ရွှေမိုးငွေမိုးများရွာသွန်း၍ အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့သည်။


မြောက်ဦးဆရာတော်ဘုရားကြီးအနေဖြင့် ဤသို့ ထီးတော်တင်ပူဇော်ခြင်းကို ပြီးခဲ့သည့် မေလ(ကဆုန်လ)အတွင်းက မအီမြို့ကိုခြံရံလျက်ရှိသည့် မာရ်ငါးပါးစေတီတော်များနှင့် ထူပါရုံစေတီတော်၊ ဥရုဝေလ အသွေးတော်ဓာတ်စေတီတော်၊ ရွှေကြသိမ်စေတီတော်တို့အား ဌာပနာခြင်းများ၊ ထီးတော်တင်ခြင်းများကို (၇)ရက်သားသမီးတို့၏ ကောင်းမှုအလှူတို့ဖြင့် ပူဇော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် တန်ဆောင်မုန်းလဆန်း(၁၃)ရက်နေ့မှစတင်၍ မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းရှိ အဓိဌာန်အောင် ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီး ရင်ပြင်တော်တွင် မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ " အထူးအလုပ်ပေး ၇ ရက်တရားစခန်း " (ညတရားပွဲ)ကို (၈)ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက် ဓမ္မဝန်ဆောင်အဖွဲ့မှ သိရသည်။ 


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)