ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်ဘုရားပွဲကျင်းပရန်အတွက် နှစ်ကျိပ်ရှစ်ဆူဘုရားများအား ရပ်ကွက်အတွင်းရှိ ယာယီစံကျောင်းတော်များသို့ပင့်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်ဘုရားပွဲကျင်းပရန်အတွက် နှစ်ကျိပ်ရှစ်ဆူဘုရားများအား ရပ်ကွက်အတွင်းရှိ ယာယီစံကျောင်းတော်များသို့ပင့်ဆောင်



MNP -  နိုဝင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကျင်းပရန်အတွက် ယမန်နေ့နံနက် ၈ နာရီအချိန်က မဟာဝိသုတာရာမတိုက်သစ်ကျောင်းတိုက် ဘုရားကန္ဒာကုဋိတိုက်အတွင်း အပူဇော်ခံထားရှိသည့် နှိပ်ကျိပ်ရှစ်ဆူဘုရားများအား ရပ်ကွက်အတွင်းရှိ ယာယီစံကျောင်းတော်များသို့ ပင့်ဆောင်ခဲ့သည်။


တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်သော အထင်ကရဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် ယာယီစံကျောင်းတော်များမှ ပင့်ဆောင်ကာ အစဉ်အလာမပျက် မြို့တွင်းရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)