(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

 



MNP - နိုဝင်ဘာ  ၂


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။


ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံ အဆောက်အဦများဖြစ်သော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်နေပြည်သူများအနေဖြင့် လမ်း၊ တံတားများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ယက်များကို အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ပြီး ကျေးလက်ထုတ်ကုန်များအား ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိစေကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြပြီး ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောကျော်ဝင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယနေ့ဖွင့်လှစ်သည့် မဲဘောင်-ရသဝေါ်-လှာကမြင်-သာနှံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေဖြင့် ဇာတိရွှေမြေကုမ္ပဏီ၊ ရှားမူလာကုမ္ပဏီ၊ Gold Qc ကုမ္ပဏီနှင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီတို့မှ ၁၄ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင် ၆ ဒဿမ ၅ ဖာလုံ၊ ကတ္တရာလမ်း ၁ ဒဿမ ၅ ဖာလုံ နှင့် ၁၀ ပေတံတားတစ်စင်းတို့အား ရန်ပုံငွေကျပ် ၇၃၇ ဒဿမ ၉၉၉ သန်းဖြင့် အပိုင်း ၄ ပိုင်းခွဲ၍ ဆောင်ရွက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၁၉၂ အိမ်နှင့် လူဦးရေ ၁၃၄၈၆ ဦးအား အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)