ချမ်းမြသာစည်မြို့နယ်၊ မီးဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၊ မီးဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၈၆၇)ရှိ ကန်ရွာဗလီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ မီးဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ၁၄:၃၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့က အိမ်ထောင်စု(၇၄)စုအတွက် ဆန်အိတ် (၇၄) အိတ်၊ ဆီ(၇၄)ပိဿာ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လူသုံးကုန်ပစ္စည်း (၁၇)မျိုးပါ ပုံး (၇၄)ပုံး၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၇၄)သိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအဖွဲ့မှ ငွေကျပ် (၅၉၀၆၁၀ဝိ/-) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မီးဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်စိမ်းဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)