လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးရွာများအရောက် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးရွာများအရောက် တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ  ၁၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်   မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူ များနှင့်တွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အပတ်စဉ်ကျေးရွာများအရောက် ကွင်းဆင်း၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပိန္နဲတောကျေးရွာ၌ ဆောင်ရွက် ခဲ့သည်။


တွေ့ဆုံပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးအဖွဲ့များဖြင့် စစ်ကြောင်းကြီး(၅)ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိရပ်ရွာလိုအပ်ချက်များ ဆွေးနွေးတင်ပြခြင်းတို့ကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ ယာရီရဲမှူးသိန်းထွန်းက မိမိတို့ရပ်ရွာအတွင်း မူးယစ်အန္တရာယ် ကင်းစင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဦးဝင်းဇော်၊ မြို့နယ် တရားဥပဒေ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ငွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိုးခြင်းလုပ်ငန်းများ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းတံတားလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူကဏ္ဍ၊ ပညာရေးကဏ္ဍ၊  လယ်ယာမြေလုပ်ငန်းများ ရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့်မိမိရပ်ရွာမှ လိုအပ်သည်များကို တင်ပြခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာမြို့နယ် အဆင့်ဌာနဆိုင်ရာ   တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)