တောင်ကုတ်မြို့၌ ဆောင်းသီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ဆောင်းသီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ





MNP ၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်းသီးနှံမျိုးစေ့ထုတ်စမ်းသပ်ကွက်စံပြစိုက်ပျိုးကြမည့် တောင်သူများသို့ ဆောင်းသီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့များပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်တိုး က အမှာစကားပြောကြားပြီး နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က မျိုးစေ့ထုတ်စမ်းသပ်စံပြကွက် အတွက် မျိုးစေ့များထောက်ပံ့ရသည့်ရည်ရွယ်ချက်များနှင့်ဆောင်းသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေး တို့ အတွက် ရှငိးလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်တိုး နှင့်တာဝန်ရှိသူများက ဆောင်းသီးနှံ စမ်းသပ်စံပြကွက်စိုက်ပျိုးထုတ်လုပ်ကြမည့် ကျေးရွာအုပ်စု(၁၉)စုမှ တောင်သူ(၃၀)ဦးသို့ မြေပဲ ၊ နေကြာ ၊ နှမ်းနှင့် ပဲမျိုးစုံ မျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲဝင်များ ၊ ဌာနဆိုင်ရာများ ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)