(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပြိုင်ပွဲများပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပြိုင်ပွဲများပြုလုပ်ပေး



MNP - နိုဝင်ဘာ   ၁၃


၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ပေးခဲ့သည်။


ရှေးဦးစွာ ပြိုင်ပွဲများပြုလုပ်ကျင်းပရာတွင် Community Center ကလေးစာဖတ်ခန်းတွင် ပန်းချီပြိုင်ပွဲ၊ ပြည်သူ့စာကြည့်တိုက်ခန်းတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အစည်းအဝေးခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲများ ပြုလုပ်‌ပေးခဲ့ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲများတွင် မြစ်ကြီးနားမြို့ရှိ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀)ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းများနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်း ပြောကြားပြီး အဆိုပါ ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိသည့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)