လောလောဆယ် ခဏတောင့်ခံထားကြ၊ မြန်မာနိုင်ငံကလိုအပ်သမျှကို ရုရှားမှ ကူညီဖြည့်ဆည်းပေးမည်ဟု ဦးမိုးဟိန်း ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောလောဆယ် ခဏတောင့်ခံထားကြ၊ မြန်မာနိုင်ငံကလိုအပ်သမျှကို ရုရှားမှ ကူညီဖြည့်ဆည်းပေးမည်ဟု ဦးမိုးဟိန်း ပြော



MNP ၊ နိုဝင်ဘာ ၁၁

ရုရှားနိုင်ငံကို လေ့လာရေးခရီး သွားရောက်ခဲ့တဲ့ သူရိယနေဝန်းဂျာနယ် CEO ဦးမိုးဟိန်းက "ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စိတ်ဓာတ်နဲ့ ရုရှားအစိုးရရဲ့ သဘောထားကတော့ ကျွန်တော်ကြားသိရသလောက် မြန်မာနိုင်ငံကို အကုန်ပေးတော့မယ်။ မြန်မာနိုင်ငံကို အာကာသ နည်းပညာ၊ စွမ်းအင်။ မြန်မာနိုင်ငံလိုအပ်တဲ့ နှစ်စဉ် ဓာတ်ဆီ ဂါလံ နှစ်သန်းခွဲ၊ ဒီဇယ်ဆီ ဂါလံ သုံးသန်းခွဲ။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်က ငါးသန်းခွဲပဲ ရှိတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က လုံးဝ အထူးဈေးနှုန်းနဲ့ မြန်မာနိုင်ငံကို နှစ်စဉ် လိုအပ်သ၍ ရောင်းပေးမယ်ဆိုတာ သဘောတူလိုက်ပြီ။" ဟု ပြောသည်။

ဦးမိုးဟိန်း၏ ဆွေးနွေးပြောဆိုမှုတွင် "အဲဒီတော့ ရုရှားဆီတွေကတော့ လှည့်ပတ်ပြီးတော့ အနှေးနဲ့ အမြန် ရောက်လာတော့မှာ။ လောလောဆယ်တော့ ခဏတောင့်ခံထားကြ။ ဘာကြောင့်လဲဆို ရုရှား - မြန်မာ နည်းနည်းဝေးတဲ့အတွက်ကြောင့် သူတို့ ပို့မယ့်အစီအစဉ်တွေ ပြင်ဆင်ရေးဆွဲနေပြီ။ နောက် လူငယ်တွေ ဆရာဝန်တွေကို ဟိုကို အများကြီး ပို့ဖို့ရှိတယ်။ သင်တန်းတက်ဖို့။ ဘွဲ့ရပြီးသားတွေ။ စိုက်ပျိုးမွေးမြူရေး မြန်မာနိုင်ငံကနေ ကော်ဖီတို့ ဆန်စပါးတို့ ဝယ်မယ်။ အများကြီးပဲ။" ဟု ပြောဆိုသွားသည်။

ဦးမိုးဟိန်း က ကာကွယ်ရေးနဲ့ စစ်ရေးပိုင်းကိုတော့ သိလည်း ပြောလို့မရကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာတွေကိုတော့ ပြောလို့မရတဲ့အတွက် သည်းခံခွင့်လွှတ်ရန် နှင့် ကျန်တဲ့ကဏ္ဍတွေမှာ ရုရှားက သမိုင်းတလျှောက်မှာ အံ့ဘနန်းပေါ့နော် ယုံကြည်နိုင်ဖွယ်ရာမရှိတဲ့ အကူအညီတွေ မြန်မာနိုင်ငံကို လာတော့မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှမှ ရုရှားရဲ့ ဒုတိယမြောက် ရုရှားနိုင်ငံတစ်ခု ဖြစ်အောင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးမှာဖြစ်ကြောင်း၊ အကြမ်းဖက်ခြေမှုန်းရေးအတွက် ရုရှားက အကြမ်းဖက်ခြေမှုန်းရေးသင်တန်းတွေ အကြမ်းဖက် ခြေမှုန်းရေး ကျွမ်းကျင်သူတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ခေတ်မီနည်းပညာတွေ လက်နက်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတွေအကုန်လုံး ပုံအောပြီးတော့ စပေးနေပြီဖြစ်ကြောင်း ပြောဆိုသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)