မင်းလှမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ




MNP - နိုဝင်ဘာ  ၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရ အောင်သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင်နာယက ဒေါက်တာဦးအောင်မြင့်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မင်းလှအခြေခံပညာအထက်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲကျင်းပ ပြုလုပ်ခဲ့ရာ (၁)ဘာသာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၃၂)ဦး၊ (၂)ဘာသာဂုဏ်ထူး(၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၃)ဦး၊ (၄)ဘာသာဂုဏ်ထူး(၃)ဦးနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)