တောင်ကြီး တန်ဆောင်တိုင် နေ့လွှတ်အရုပ်မီးပုံးပျံတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီး တန်ဆောင်တိုင် နေ့လွှတ်အရုပ်မီးပုံးပျံတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ






MNP ၊ နိုဝင်ဘာ ၁၀

၂၀၂၂ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့လွတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်းပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊  စူဠာမုနိ လောကချမ်းသာ စေတီတော်ရင်ပြင်၌ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် စိန်နားပန် မီးပုံးပျံ လွှတ်တင်ပူဇော်ပေးပါသော အေးသာယာမြို့၊ တောင်ကြီးမြို့ ကိုယ်စားပြု အဖွဲ့အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးနှင့် ဒုတိယတိုင်းမှူး၏ဇနီးတို့မှ ဆုချီးမြှင့်ပေး၍ လည်း ကောင်း၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲတွင် ပါဝင်ပေးပါသော တောင်ကြီးမြို့ပေါ်(၂၂)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၃)အုပ်စုအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မီးပုံးပျံခြေလေးချောင်း၊ ခြေနှစ်ချောင်းနေ့လွှတ် မီးပုံးပျံပြိုင်ပွဲတွင် ဒိုင်အဖြစ် ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်အသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု ဆုငွေ(၅)သိန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာခင်ခင်ထူးမှ ဆုချီးမြှင့်ပေးကြသည်။


ဆက်လက်၍ နေ့လွှတ်မီးပုံးပျံခြေ(၂)နှစ်ချောင်းပြိုင်ပွဲ၊ ခြေ(၄)ချောင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးများနှင့် ဒုတိယတိုင်းမှူးတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ခြေ(၂)ချောင်း၊ ခြေ(၄) ချောင်းပြိုင်ပွဲတွင် တတိယ၊ဒုတိယဆုရရှိသူများအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လှမိုးက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်း ပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုချီးမြှင့်ပေးကြပြီး ဆုပေးပွဲအခမ်းအနားကို မီးရှူး၊မီးပန်းနှင့် မီးပုံးပျံငယ်များလွှတ်တင်၍ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)