MNP ၊ နိုဝင်ဘာ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ ဧကဒဿမအကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှုဒါန်းပွဲကို နိုဝင်ဘာလ ၆ ရက်၊ နံနက် ၉ နာရီက သထုံမြို့ ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပိဋကတ္တရပါရဂူ ဘဒ္ဒန္တသုမနာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလ ခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက စုပေါင်းကထိန်လျာသင်္ကန်းဆပ်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ယခုနှစ်ကထိန်ခင်းရန်အလှည့်ကျသညိ့ နန်းခဲရပ်ကွက်၊ အဘယသုခကျောင်းတိုက် ဆရာတော်ထံ ကထိန်လျာ ဉာတ်သင်္ကန်းတော်ကို ဆပ်ကပ်လှူဒါန်းပေးပြီး ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး ငွေကျပ်(၁၅)သိန်း ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူတို့က ကျောင်းတိုက်အသီးသီးမှသံဃာတော် များအား ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်များကို ဆပ်ကပ် လှူဒါန်းကာ ငွေကျပ် ၉၆ သိန်းခန့်တန်ဖိုးရှိ ပဒေသာပင်များကို ကျောင်းစဉ်အလိုက် စာရေးတံမဲဖောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment