MNP - နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီ အချိန်မှ စတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက် ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှု ကိစ္စများ တစ်ဘက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၃၅၀ ကျပ်နှုန်း ဖြင့်မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့နယ်မြေ(၄)၊ဤရှေ့ဈေးတန်းရပ်၊ ညောင်ပင်ဝိုင်းအနီး၊ ပုဂံမြို့ အနော်ရထာရပ်ကွက် သိင်္ဃရပ်၊ ပုဂံဈေးသစ်ကြီးအနီးတို့တွင် စားအုန်းဆီများ Mobile ကား (၂) စီးဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿချိန် ၈၂၅ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment