ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားတက်ရောက်

 


MNP - နိုဝင်ဘာ  ၇


သာမညဖလ အခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) တွင် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောမထံမှ ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အလှူရှင်များက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်နှင့် ရတနာပန္နက်တော်၊ ရွှေလက်ရိုက်တော်များအား ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ (သ.စ.အ ဓမ္မာစရိယ) မထေရ်မြတ်ထံ အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ထို့နောက် ရတနာပန္နက်တော်စိုက်ထူခြင်းနှင့် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင် များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်စိုက်ထူခြင်းနှင့် အုတ်မြစ်တော်စီခြင်းတို့ ပြုလုပ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။


အဆိုပါ ဓမ္မဗိမာန်တော်ကို ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ(သ.စ.အ ဓမ္မာစရိယ)မဟာထေရ်မြတ်အား အမှူးထား၍ အောင်ဇေကမ္ဘာလီမီတက်မှ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း အလျား ၁၃၅ ပေ၊ အနံ ၆၃ ပေရှိ နှစ်ထပ် ဓမ္မဗိမာန်တော်ကို ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)