တန်ဆောင်မုန်းလပြည့်နေ့၌ မဟာမြတ်မုနိဘုရားကြီးတွင် ဘုရားဖူးပြည်သူများဖြင့်အထူးစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့၌ မဟာမြတ်မုနိဘုရားကြီးတွင် ဘုရားဖူးပြည်သူများဖြင့်အထူးစည်ကား



MNP - နိုဝင်ဘာ   ၇


တန်ဆောင်တိုင်ပွဲတော်ဖြစ်သည့် အများပြည်သူအလုပ်ပိတ်ရက်များအတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် အထင်ကရနေရာများ၌ ဘုရားဖူးသူ၊ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများ၊ အပန်းဖြေအနားယူသူများ၊ ခရီးသွားလာလည်ပတ်ကြသူပြည်သူများဖြင့် အေးချမ်းသာယာပြီး အထူးစည်ကားလျက်ရှိကြသည်။


တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့် ယနေ့တွင်လည်း မန္တလေးမဟာမြတ်မုနိဘုရားကြီး၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများ၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကြသူများ၊ ဇီဝိတဒါနငါးလွှတ်ကြသူများ၊ စည်ကားလျက်ရှိနေသည်။ ထို့ပြင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ စည်ကားများပြားလျက်ရှိသောကြောင့် ဘုရားစောင်းတန်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်တစ်ဦးကလည်း “အခုနောက်ပိုင်းအတွင်း ဘုရားဖူးပြည်သူတွေက အမြဲစည်ကားနေတာပါ၊ ဒီလို အခါကြီးရက်ကြီးဆိုရင်တော့ ပိုပြီးစည်ကားတာပေါ့ဗျာ၊ ရပ်ဝေးကဘုရားဖူး ပြည်သူတွေလည်းလာကြတာကိုး၊ ဒီနေ့က မဟာမြတ်မုနိဘုရားကြီးကို မသိုးမြတ်သင်္ကန်းတော်ကပ်လှူပူဇော်တဲ့နေ့ လည်းဖြစ်တယ်လေ၊ အစားအသောက်ဆိုင်တွေ၊ ပန်းဆိုင်တွေကအစ အရောင်းအဝယ်တွေလည်းကောင်းပါတယ်” ဟုပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စိမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)