တပ်ကုန်းမြို့၌ (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ




MNP - နိုဝင်ဘာ   ၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး ကြီးကြပ်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ရောက်ရှိမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်းအတွင်းကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၄)သင်းပါဝင်၍ ကွင်းအဖွင့်တွင် Aအသင်းနှင့်Dအသင်း ယှဉ်ပြိုင်ကစားခဲ့ရာ A အသင်းက D အသင်းကို ၂၁ မှတ်၊ ၁၇ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကျန်အသင်းများ ယှဉ်ပြိုင်ကစားခဲ့သည်။


တပ်ကုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုဝင်ဘာ ၇ ရက်နေ့  နံနက်ပိုင်းတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ထွေအုပ်ရုံးဝန်ထမ်းများအား ကံစမ်းမဲများဖောက်ပေးခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်စိုးလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)