ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာစီတန်းလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာစီတန်းလှည့်လည်

 




MNP - နိုဝင်ဘာ  ၅


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များဖြင့် စီတန်းလှည့်လည်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ကာ မြို့တစ်ပတ်ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ တော် ပဒေသာပင်များဖြင့် စီတန်းလှည့်လည်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၃၂)ပင်နှင့် ကထိန်လျာသင်္ကန်း၊ သင်္ကန်းပရိက္ခရာများ၊ လှူဖွယ်ဝတ္တုပစ္စည်းများအား မော်တော်ယာဉ်များပေါ်တွင်တင်ဆောင်၍ မြို့တစ်ပတ်စည်ကားသိုက်မြိုက်စွာ စီတန်းလှည့်လည်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကပ်လှူပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့ နံနက်(၇) နာရီအချိန်တွင် သီရိမင်္ဂလာခန်းမ၌မြို့နယ်အတွင်း ကထိန်မရရှိသေးသော ကျောင်း ၁၁ ကျောင်းနှင့် ပင်သံဃာ (၃၁)ပါးကို ဘုံကထိန်ဆက်ကပ်လှူဒါန်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)