အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ်

 


MNP - နိုဝင်ဘာ  ၁၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာ၌ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိူးနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိူးသန်းဦး အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က "မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဘဝဝင်ငွေတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် အ‌ခြေခံစက်ချုပ်သင်တန်းများ၊ ဆပ်ပြာပြုလုပ်နည်းသင်တန်းများ၊ စိုက်ပျိုးနည်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်စေရန်နှင့်ဝင်ငွေတိုးပွားစေရန်၊ ကုန်ကျစရိတ်သက်သာပြီး သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးစေနိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  မှိုစိုက်ပျိူးနည်းသင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင်ကျည်တောင်ကန်ကျေးရွာအုပ်စုအတွင်းရှိ သာယာကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာတို့မှ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၂၄ ရက်‌နေ့အထိ (၁၀)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)