အလုံမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုပေါင်း၍  မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ  အလုံပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို  နမောတဿ (၃) ကြိမ်ရွတ်ဆို  ဖွင့်လှစ်ပြီးနောက် အလုံပရိယတ္တိ စာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဦးဉာဏိဿရထံမှ ကထိန်တရားတရားတော် နာယူသည်။ ဆက်လက်၍  ဆရာတော်အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်ချ အမျှဝေသည်။


အဆိုပါ လှူဒါန်းမှုတွင်  လှူဖွယ်ဝတ္ထုတန်ဖိုး (၅၅၄၅၀၀)ကျပ်နှင့် အလှူငွေ (၈၅၀၀၀၀)ကျပ် စုစုပေါင်း (၁၄၀၄၅၀၀)ကျပ်အား စုပေါင်းလှူဒါန်းကြောင်း သိရသည်။


သတင်း - တင်တင်ချို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)