ဒေါပုံမြို့နယ်တွင် အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အန္တရာယ် ကင်းရှင်းစေရန်အတွက် ရောင်ပြန်စတစ်ကာပြားများ အခမဲ့ တပ်ဆင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အန္တရာယ် ကင်းရှင်းစေရန်အတွက် ရောင်ပြန်စတစ်ကာပြားများ အခမဲ့ တပ်ဆင်ပေး



MNP - နိုဝင်ဘာ ၆


ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ အနှေးယာဉ်(ဆိုက်ကား) များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ရောင်ပြန် စတစ်ကာပြားများ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးတစ်လျှောက်နှင့် ဒေါပုံဈေးအရှေ့ဘက် တွင် သွားလာနေကြသော အနှေးယာဉ်(ဆိုက်ကား)များ၏ အနောက်ဘက်တွင် ရောင်ပြန်စတစ် ကာများကို အခမဲ့တပ် ဆင်ပေးခဲ့ကြပြီး အနှေးယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရေးတို့ကို ပညာပေးပြောကြားခဲ့ကြောင်း သိရ သည်။ ယခုကဲ့သို့ ရောင်ပြန်စတစ်ကာများ အခမဲ့တပ်ဆင်ပေးခြင်းဖြင့် အနှေးယာဉ်များအတွက် ညအချိန်သွားလာရာတွင် ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးလျော့ချပေးနိုင်မည် ဖြစ်ကြောင်း လည်း သိရသည်။ အဆိုပါ ရောင်ပြန်စတစ်ကာများကပ်ခြင်းနှင့် အသိပညာပေးခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ချစ်စုဝေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)