တောင်ဥက္ကလာပမြို့နယ် ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်



MNP - နိုဝင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ်(၁၂)ရပ်ကွက်ရှိ မြင့်မြတ်ပညာကိုယ်ပိုင်ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်‌ ဒေါက်တာအေးငြိမ်းစိုးနှင့် ဆရာမများက အစာအုပ်စု (၃)ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင်စားသောက်ရန်၊ တစ်ကိုယ်‌ရည်သန့်ရှင်းမှု အထူးဂရုပြုရန်၊ သွားနှင့် သွားဖုံးကျန်းမာရေးအတွက် စနစ်တကျ  သွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှကင်းဝေးစေရေးဂရုပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် စနစ်တကျလက်ဆေးကြရန် စသည်ဖြင့် ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းမှ ဆရာ/ ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှုစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကိုဆောင်ရွက်‌‌လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ခင်ဆွေနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)