ပေါက်ခေါင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြုလုပ်




MNP - နိုဝင်ဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အမှတ်-၁ ကျောင်းခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင် က အမှာစကားပြောကြားရာတွင် အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သက်ပြီး ၁၉၂၀ ပြည့်နှစ် ကောလိပ်သပိတ်ကစတင်ပြီး အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ သူ့ကျွန်ဘဝကျရောက်ပြီး နယ်ချဲ့ဩဇာအာဏာကို စတင်တော်လှန်ခဲ့သည့်နေ့ဖြစ်ကြောင်း၊ အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွပြီး တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်၊ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံနယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ဆက်ပြီးဖြစ်ပေါ်လာခြင်းသည် အမျိုးသားအောင်ပွဲနေ့၏ ပထမဦးဆုံးသော ခြေလှမ်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန် က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၊ မြန်မာတစ်မျိုးသားလုံးအမျိုးသားရေးစိတ်ဓာတ်များ စတင်နိုးကြားခဲ့သည့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရန်ပေး ဟောပြောခဲ့သည်။ ယင်းနောက် အမျိုးသားအောင်းပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကိုပြသရာ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ဟောပြောပွဲအပြီးတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်သူများအား ပုံပြင်များပြောပြခြင်း၊ စာအုပ်များဖတ်ရှုစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)