ရန်ကုန်သို့ ပို့ဆောင်မည့် ကုန်စည်များကို လိမ်လည်သွားသည့် သာစည်မြို့နယ်မှ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်သို့ ပို့ဆောင်မည့် ကုန်စည်များကို လိမ်လည်သွားသည့် သာစည်မြို့နယ်မှ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိ


MNP ၊ နိုဝင်ဘာ ၁၃

မန္တလေး မှ ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန် သို့၄-၁၀-၂၀၂၂ ရက်နေ့က  ပြည့်စုံကျော် ကားဂိတ်မှ တွဲခေါင်းအမှတ် 1N/8523 ယာဉ်ဖြင့် ဦးဇော်လင်း၊ ဒေါ်အောင်မေကြည်တို့၏  နှမ်းအိတ် (၇၅၀) ကာလတန်ဖိုး သိန်း(၁၅၀၀) ဖိုးခန့်အား တင်ဆောင်ခဲ့ရာ ယာဉ်မောင်းမှာ ပျောက်ဆုံးနေပြီး ကုန်ပစ္စည်းများ ပျောက်ဆုံးခဲ့သဖြင့် လိုက်လံစုံစမ်းရာ ကျောက်ဆည်တွင် ယာဉ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုး ပေးလျှော်ပါမည်ဟု ကတိပြုပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လိုက်လံစုံစမ်းရာ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

လိုက်လံစုံစမ်းခဲ့သူ တစ်ဦးက "နှမ်းတွေကို သူတို့ကားနဲ့ ရန်ကုန်တင်လိုက်တာ။ အိတ်ရေကလည်း မနည်းဘူး။ တန်ဘိုးကလည်း များတယ်။ ဒီကောင်တွေက အဲဒီလို လိမ်စားနေတဲ့သဘောရှိတယ်။ ပထမယာဉ်မောင်း ကတော့ မတွေ့ရတော့ဘူး။ ယာဉ်ပိုင်ရှင်က ကုန်ပစ္စည်းတွေတန်ဖိုး ပေးလျော်ပါမယ်လို့ ပြောထားပြီးမှ ရှောင်သွားတော့ လိုက်စုံစမ်းရတာပေါ့။ ဒီပစ္စည်းတွေက PDF အကြမ်းဖက်အန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့ တောင်သူတွေရဲ့ သီးနှံတွေကို စားဝတ်နေရေး ပြေလည်အောင် ခက်ခက်ခဲခဲထုတ်လာပြီး ရောင်းပေးရတာ။ ဒါကို လိမ်သွားတယ်ဆိုတော့ မကောင်းဘူးလေ။ ပစ္စည်းပိုင်ရှင်ကလည်း လိုက်လံစုံစမ်းပေးဖို့ အကူအညီတောင်းတဲ့အတွက် သူတို့နဲ့အတူ လိုက်စုံစမ်းခဲ့တာပါ။ ကားရော၊ ယာဉ်ပိုင်ရှင်ပါ ဖမ်းဆီးရမိထားပါပြီ။ သက်ဆိုင်ရာကို အပ်နှံထားပါတယ်။" ဟု ပြောသည်။


"ယာဉ်ပိုင်ရှင်၊ ပစ္စည်းတင်တဲ့ ကား၊ ယာဉ်မောင်းကတော့ အသစ်။ သူနဲ့တော့ မဆိုင်ဘူးပေါ့လေ။ ကုန်ပစ္စည်းတွေ တင်သွားတုန်းက မောင်းတဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးနေဆဲပဲ။ ဒါကို သက်ဆိုင်ရာက တိတိကျကျ ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ တန်ဖိုး ပေးလျှော်မယ်ဆိုလည်း တိတိကျကျ ပြန်လည်ပေးလျော်ပါ။ ဒီကုန်ပစ္စည်းတွေက PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့ စစ်ကိုင်းတိုင်းထဲက တောင်သူတွေရဲ့ ကုန်ပစ္စည်းတွေပါဗျာ။ မိအေးနှစ်ခါနာ PDF လည်း ကြောက်ရ၊ ကုန်ပစ္စည်းက လမ်းကြောင်းပေါ်ရောက်လာတော့လည်း အလိမ်ခံရဆိုတော့ အကုန်ဒုက္ခရောက်ကုန်မယ်။ ဒါကို တိတိကျကျ ဖြေရှင်းပေးစေလိုပါတယ်။" ဟု ကူညီဖော်ထုတ် ဖမ်းဆီးပေးခဲ့သူက ပြောသည်။


ကုန်ပစ္စည်းပိုင်ရှင် က ပစ္စည်းတွေက ရန်ကုန်ကို ပို့ရမှာ။ ဆယ်လပိုင်း ၄ရက်နေ့က တင်လိုက်ခြင်းဖြစ်ကြောင်း၊ ပြည့်စုံကျော်ဂိတ် ကနေပဲ အမြဲတမ်းတင်ပို့နေခြင်းဖြစ်ပြီး ဂိတ်ကနေ ကားလွှတ်လိုက်ပြီး ဂိုဒေါင်ကနေ လာတင်သွားခဲ့ကြောင်း၊ ၇ ရက်နေ့ က ကားသမားကို ဖုန်းဆက်လိုက်တော့ ကားသမားက လမ်းမှာ ကလပ်ဘရိတ်ကြွေနေလို့ ဆိုပြီးပြောခဲ့ကြောင်း၊ အဲဒီအချိန်မှာ ကားသမား ဖုန်းက ခေါ်မရတော့ဘဲ ကားက ရန်ကုန်မရောက်ဘူးဆိုတော့ လိုက်စုံစမ်းခဲ့ရကြောင်း၊ ဂိတ်မှူးကို ဆက်သွယ်ပြီး လိုက်စုံစမ်းခိုင်းတဲ့အခါကြတော့ ကားက ကျောက်ဆည်ကို ကျော်မသွားဘူး။ ကြားထဲက ဂိတ်တွေမှာ ကားဖြတ်သွားတဲ့ မှတ်တမ်းတွေ ရှိတယ်။ ထုံးဘိုဂိတ်၊ စဉ့်ကိုင်ဂိတ်မှာ တွေ့တယ်။ ကျောက်ဆည်ကိုတော့ မကျော်ဘူး။ အဲဒီမှာတင် ပျောက်သွားခဲ့သဖြင့် လိုက်လံစုံစမ်းခဲ့ရကြောင်း ဂိတ်မှူးက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။


ယာဉ်ပိုင်ရှင်အား လိုက်လံစုံစမ်းရာ ကျောက်ဆည်မြို့တွင် တွေ့ခဲ့ရပြီး ပစ္စည်းတန်ဖိုးကို အောက်တိုဘာ ၁၅ ရက်နေ့က ပေးလျော်ပါမည်ဟု ကတိပြု ချိန်းဆိုထားပြီးနောက် တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ လိုက်လံစုံစမ်းရာ ယမန်နေ့ ၁၂-၁၁-၂၀၂၂ ရက်နေ့က ဖမ်းဆီးရမိပြီး သက်ဆိုင်ရာသို့ အပ်နှံထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)