သံတွဲမြို့နယ်ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး သရုပ်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး သရုပ်ပြပွဲဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း  ယာဉ်မတော်တဆမှုများ လျော့ နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အသိပညာပေး သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရတနာလမ်းနှင့်ဦးဥတ္တမလမ်းထောင့်၌ပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲတွင် သံတွဲမြို့နယ် အမှတ် ၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဉာဏ်မင်းကိုကို က မှုခင်းကျဆင်းရေးအတွက် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများလိုက်နာရန်စည်းကမ်းများ ၊ ခြေလျင်သွားလာသူ များ၊လမ်းဖြတ် ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာ များကို ရှင်းလင်းပြောကြားခြင်း၊ယာဉ်မတော်တဆမှုဖြစ်ပွားလာလျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင်လူမှုကူညီ ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့ သရုပ်ပြသခဲ့ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)