ပင်လောင်းမြို့တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ်

 



MNP - နိုဝင်ဘာ  ၁၅


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေး ဥပဒေရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က ရှင်းလင်းပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ပြောကြားပြီး၊ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲတာဝန်ခံ ဒေါ်မူဝင်းကြည်က မျိုးစေ့တင်သွင်း/တင်ပို့ခွင့် ထောက်ခံချက်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း၊ မျိုးစေ့လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းအကြောင်းများကိုလည်းကောင်း၊ ခရိုင်မြေအသုံးချရေးဌာနခွဲ တာဝန်ခံဦးစီးအရာရှိ ဒေါ်ခင်းစန်းဝင်းက မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်ရရှိသူများလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်အကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ခံဒေါ်အေးချိုချိုစိုးက ပိုးသတ်ဆေး ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေး လက်လီလက်ကားရောင်းချခွင့်လိုင်စင်ရရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။


ရှင်းလင်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်ဆိုင်များမှ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)