တောင်တွင်းကြီးမြို့တွင် (၃၂ ) ကြိမ်မြောက် ဌာနဆိုင်ရာပေါင်းစုံနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့တွင် (၃၂ ) ကြိမ်မြောက် ဌာနဆိုင်ရာပေါင်းစုံနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

MNP - နိုဝင်ဘာ   ၅


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၃၂) ကြိမ်မြောက် ဌာနဆိုင်ရာပေါင်းစုံနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယအဖွဲ့ ဥက္ကဋ္ဌ သာယာအေးကျောင်းတိုက် ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစာရိတ္တထံမှ ငါးပါးသီလနှင့် သြဝါဒခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအလှူရှင်များက ဆရာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ ငှက်ပစ်တောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ ဩဝါဒကထာနာယူခဲ့ကြကာ တိုင်းသံဃာ့ဝန်ဆောင် ကန်တော်မင်းကျောင်းတိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြပြီး ပင့်သံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


( ၃၂) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း( ၁၁၂၁၄၃၅၀ )ကျပ်အား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)