(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘက်စုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘက်စုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP - နိုဝင်ဘာ  ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ ဘန့်ဘွေးအထက်တန်းကျောင်းအားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ဘက်စုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ ဘန့်ဘွေးရဲကင်းမှူး ရဲအုပ်ကျော်သူ၊ ဘန့်ဘွေးအထက ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမော်၊ ဘန့်ဘွေးအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်တို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။


၎င်းနောက် ပြိုင်ပွဲဝင်အသင်းများမှ စစ်ကြောင်းမှူးဦးဆောင်၍ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့အား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ဘန့်ဘွေးအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က အမှာစကားပြောကြားခဲ့ပြီးနောက် ဘန့်ဘွေး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမော်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ အားကစားသမားများက အားကစားအဓိဌာန်(၄)ချက် ရွတ်ဆို၍ ကတိသစ္စာခံယူခဲ့ကြကာ တက်ရောက်လာကြသော ဧည့်ပရိသတ်များအား ချီတက်အလေးပြုပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ဘက်စုံအားကစားပြိုင်ပွဲသို့ အခြေခံပညာကျောင်းများရှိ အသင်း(၂၂)သင်းမှ ပြိုင်ပွဲဝင်(၁၂၀၀)ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၂၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)