MNP - နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဆိပ် ကျေးရွာတွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းတို့ဖြင့် ကွန်ကရစ်လမ်း အလျား ၅၄၆ ပေ၊ အကျယ် ၈ ပေ ၊ ထု ၆ လက်မ ဆောက်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လုပ်ငန်းများ စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်း - ဝင်းမင်းစိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment