တန်ဆောင်မုန်းလပြည့်နေ့ နေပြည်တော် အထင်ကရဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့ နေပြည်တော် အထင်ကရဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား



MNP - နိုဝင်ဘာ   ၈


၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၇ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးနှင့် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးတို့တွင် ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


“ကျွန်မတို့က တပ်ကုန်းမြို့ကနေ လာရောက်တာဖြစ်ပါတယ်၊ နေပြည်တော်အထင်ကရနေရာတွေကို လည်ပတ်ရင်းနဲ့ဘုရားတွေကို မောင်နှမမိသားစုဝင်တွေနဲ့အတူ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်၊ ယခင်က ကိုဗစ်-၁၉ ရောဂါတွေနဲ့ဆိုတော့ မလာဖြစ်ခဲ့ကြဘူး၊ အခုတော့ မောင်နှမမိသားစုဝင်တွေနဲ့အတူ ကျွန်မရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ် ဘုရားတွေမှာ ပန်းနှင့်ရေကြမ်းဆက်ကပ်လှူဒါန်းပြီး  ဘုရားဖူးရတာဝမ်းသာပီတိဖြစ်ရပါတယ်” ဟု တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်မှ ဘုရားဖူးလာရောက်သူ မစောန္ဒာဝင်းက ပြောပြသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)