မိုင်းရှူးမြို့တွင် မြို့နယ်ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့တွင် မြို့နယ်ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ  ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။


ယင်းအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမောင်မောင်လွင်၊မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်း၊ အခြေခံပညာအထက် တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူ၊ ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးစိန်မြင့်နှင့် ဘင်ခရာနည်းပြဆရာ ဦးအလက်ဇန်းဒါးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။


ဆက်လက်၍ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေးတို့က ဘင်ခရာသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင် းအုပ်ဆရာမ ကြီး ဒေါ်နန်းခင်ဖြူက ဘင်ခရာနည်းပြဆရာများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။


ထို့‌နောက် ဘင်ခရာသင်တန်းသား၊သင်တန်းသူများက ‌ခေါက်တီးဘာသာရပ်နှင့်ပုလွေဘာသာရပ် စသည့်ဂီတစွမ်းရည် သရုပ်ပြသခဲ့ကြပြီး ကြုံကြဆုံကြခွဲခွာကြ တေးဂီတဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်များ၊ဆရာ၊ဆရာမများနှင့်ဘင်ခရာသင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၂၀၀)ဦး ‌တက်ရောက်ကြကြောင်းသိရသည်။


သတင်း -သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)