တန်ဆောင်မုန်းလပြည့်နေ့တွင် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့တွင် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား



MNP - နိုဝင်ဘာ   ၇

၂၀၂၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။


မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် ထူးခြားသည့်လတစ်လဖြစ်ပြီး မြို့နယ်အတွင်း၌ မီးထွန်းပွဲတော်များ၊ ကထိန်သင်္ကန်းအလှူပွဲများ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများနှင့် သာမညဖလအခါတော်နေ့ပွဲတော်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း၊ မြို့နယ်အတွင်းရှိ ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်၊ ကျိုက်ကမော့လေးစေတီတော်၊ အတောင် (၄၀၀) ပြည့်လျောင်း တော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင်တော်မူ ဘုရားကြီးတို့တွင် ဘုရားဖူးလာ ပြည်သူများသည်  စေတီတော်ရင်ပြင်  ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ကပ်လှူခြင်းတို့ဖြင့်  လာရောက်ကုသိုလ်ယူကြသည့်အပြင် စေတီတော်အတွင်းရှိ ဆရာတော်သံဃာတော်ကြီးထံမှ သီလပေးတရားနာယူသူများ၊ ကန်ကြီးမင်္ဂလာကန်တော် ကန်ပတ်လမ်းတစ်လျှောက် လာရောက်လည်ပတ် အပန်းဖြေကြသူများ၊ ငါးအစာကျွေးသူများနှင့် စတုဒီသာများကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)