အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်



MNP - နိုဝင်ဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေးအတွက် ဖြူးမြို့နယ်ပညာရေးမှူးရုံးမှ ဦးဆောင်၍ အခြေခံပညာ ထက်/လယ်/မူအဆင့် ကျောင်းအုပ်ကြီးများအား အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့်(ဆင့်ပွား) သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ကာ အထက(၁)ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် ဖြူးမြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က ဆွေးနွေးပွဲ ပြုလုပ် ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဖြူးမြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်နှင့် ဆရာ(၃)ဦးတို့က ဦးဆောင်ကာ ဖြူးမြို့နယ်အတွင်းရှိ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းအုပ် ဆရာ/ဆရာမကြီး (၂၃၀)ဦးတို့အား ပညာရေးဆိုင်ရာ ဘာသာရပ်များ၊ စီမံရေး၊ ဘဏ္ဍာရေး၊ ကြီးကြပ်အကဲဖြတ်၊ စီမံကိန်းနှင့် စာရင်းအင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အခြား အသိပညာဗဟုသုတရရှိစေရေး ဆောင်ရွက်ပေးမည့်  ဘာသာရပ်ဆိုင်ရာများကို (၂)ရက်တိုင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)