တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်း(အောင်ပွဲ) အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်း(အောင်ပွဲ) အခမ်းအနားကျင်းပ





MNP ၊ နိုဝင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာ ဇနကပရိယတ္တိစာသင်တိုက်တွင် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်း(အောင်ပွဲ) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါစာသင်တိုက်၊ မဟာဇနကဗိမာန်တော်တွင် ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊  ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ဧည့်ပရိတ်သတ်များနှင့် စေတနာအလှူရှင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မဟာဇနကဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ဆီမီးနှင့်ရေချမ်းများ ဆက်ကပ်ပူဇော်ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မြို့လယ်သာသနာ့ဝေပုလ္လကျောင်းတိုက် ပဓာနနာယက၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဧည့်ပရိတ်သတ်များက ရတနသုတ်၊ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ပြီးနောက် လှူဖွယ်ဝတ္ထုပစ္စည်းများဆက် ကပ်လှူဒါန်းခဲ့ကြသည်။ ထိုလှူဒါန်းမှုအစုစုတို့ကို ဆရာစံရပ်ကွက်၊ မဟာဇနကကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ မထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြားပြီး၊ ရေစက်သွန်းလောင်း အမျှပေးဝေ၍ အခမ်းအနားမှူးက နတ်ဗြဟ္မာများအား ပြန်လည် ပို့ဆောင်ခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းပြီး၊ ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ (၂၉)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့ အထိ(၅)ရက်တိုင်တိုင် သံဃာတော်(၂၄)ပါးဖြင့် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)