လင်းခေးခရိုင်အတွင်းရှိ တရားရုံးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးခရိုင်အတွင်းရှိ တရားရုံးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP -  နိုဝင်ဘာ   ၉


ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်တရားရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လင်းခေးခရိုင် တရားရုံး၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်တရားသူကြီး ဦးမျိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ဒေါ်နန်းအေးကြည်က သင်တန်းစည်းကမ်းများကို ရှင်းလင်းတင်ပြပေးခဲ့သည်။


အဆိုပါသင်တန်းတွင် ရုံးလုပ်ငန်းဆိုင်ရာဘာသာရပ်၊ ဘိလစ်လုပ်ငန်းဆိုင်ရာဘာသာရပ်၊ ငွေစာရင်းဆိုင်ရာ၊ တရားခွင် လုပ်ငန်းဆိုင်ရာဘာသာရပ်နှင့် တရားရုံးဝန်ဆောင်မှု ဆိုင်ရာဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းနည်းပြ တရားသူကြီးများနှင့်ခရိုင်တွင်းရှိ တရားရုံးဝန်ထမ်း ၁၀ ဦးကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း လင်း‌ခေးခရိုင်တရားရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)