မာန်အောင်အ.ထ.က မိသားစု(၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်အ.ထ.က မိသားစု(၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ

 



MNP - နိုဝင်ဘာ   ၄


ရခိုင်ပြည်နယ် မာန်အောင်မြို့အ.ထ.က မိသားစု(၃၁)အကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက မာန်အောင်မြို့အ.ထ.က အောင်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ အခမ်းအနားကို သံဃာတော်များနှင့်တရားတော်နာပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပုန်းဆိုးကြီး(ရွှေကျင်)ကျောင်းဆရာတော်ဘဒ္ဒန္တ တေဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီချိုနှင့်ဆရာ/ဆရာမများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ပုန်းဆိုးကြီးကျောင်း ဆရာတော်နှင့် သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြပြီး သာဓုအနုမောဒနာ တရားတော်မြတ်ကို ပုန်းဆိုးကြီးကျောင်း ဆရာတော်ဘဒ္ဒန္တတေဇနန္ဒမှချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - သိန်းဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)