ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော



MNP - နိုဝင်ဘာ   ၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က (ခွဲ)ခုံကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။


 အဆိုပါအခမ်းအနားသို့ အ.လ.က (ခွဲ)ခုံကြီးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက အလိမ္မာစာမှာရှိသည်နှင့်အညီ စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးတတ်စေသည့်အပြင်၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားခြင်း၊ ဖြတ်ထိုး ဉာဏ်များ ထက်မြက်စေခြင်းစသည့်အချက်များနှင့် စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့သွားရောက်၍ စာပေများလေ့လာဖတ်ရှုစေရန်စသည့်အကြောင်း အရာများကို ဟောပြောခဲ့ကြောင်း သိရသည်။


ထို့နောက်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ထိုက်ကြည် (ဥသျှစ်ပင်)မှ "အရိုးပေါ်အရွက်မဖုံးစေရ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ သစ်ဇော် (ဥသျှစ်ပင်)တို့မှ "လူငယ်နှင့်ရသစာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း သုတ/ရသ အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)