MNP - နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ လူမှုဘဝ နေ့စဉ်စားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့ နံနက် ၇ နာရီအချိန်ခန့်က သစ်ရာမြိုင်ရပ်ကွက်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ဆီတစ်ဆယ်သား၊ ငါးခြောက်တစ်ဆယ်သား ပါပစ္စည်းလေးမျိုးကို ငွေကျပ် ၃၀၀၀ ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသာက်သာစွာ အိမ်ထောင်စု ၂၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တစ်ပတ်လျှင် နှစ်ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment