MNP - နိုဝင်ဘာ ၄
နိုဝင်ဘာ (၇) ရက်နေ့တွင် ကျရောက်မည့် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အကြို မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားရွှေသင်္ကန်းဆပ်ကပ် လှူဒါန်းရန်အတွက် အလှူငွေများလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆန္ဒတော်ပြည့်ဘုရား ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းရန်အတွက် မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အလှူ ရှင်များစုပေါင်း၍ အလှူငွေ (၃၇၀၀၀၀၀) ကျပ်အား မင်းကျောင်းတိုက်အုပ်ဆရာတော် ဦးအာစာရထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဆရာတော် ဦးအာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေပေးခဲ့ကြသည်။ အဆို ပါ အလှူငွေများ လှူဒါန်းခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဝန်ထမ်းများက လှူဒါန်းခဲ့ကြသည်။
ဆန္ဒတော်ပြည့်ဘုရား ရွှေသင်္ကန်းဆပ်ကပ်လှူဒန်းရန် အလှူငွေများ လှူဒါန်းပြီး ဆန္ဒတော်ပြည့် ဘုရားရင်ပြင်ပေါ်တွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စွာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment