ငွေဆောင်မြို့တွင် ငွေဆောင်လူငယ်အသင်းနှင့် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့တွင် ငွေဆောင်လူငယ်အသင်းနှင့် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစား



MNP - နိုဝင်ဘာ   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘောလုံးကွင်းတွင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က ငွေဆောင်မြို့ကိုယ်စားပြု စွန်ရဲလူငယ်အသင်းနှင့် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။


ထိုသို့ ခြေစမ်းပွဲကစားရာတွင် စွန်ရဲလူငယ်အသင်းကအင်္ကျီအဝါ၊ ဘောင်းဘီအပြာကို ဝတ်ဆင်ကစားပြီး ပုသိမ်ဘောလုံးအကယ်ဒမီအသင်းက အင်္ကျီနို့စိမ်းရောင်ပေါ်တွင် အဖြူရောင်ဂျာစီထပ်ဝတ်ပြီး ဘောင်းဘီအနက်ရောင်ဝတ်ဆင်ကာ ယှဉ်ပြိုင်ကစားခဲ့သည်။ ဘောလုံးပွဲသို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများလည်း လာရောက်ကြည့်ရှုအားပေးကြပြီး ငွေဆောင်မြို့ ပြည်သူလူထုကလည်း တစ်ခဲနက်လာရောက်အားပေးကြသည်။ ခြေစမ်းပွဲတွင် ပထမပိုင်း ၃၅ မိနစ်၊ ဒုတယပိုင်း ၃၅ မိနစ်နှင့် နားချိန် ၁၀ မိနစ်သတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့သည်။ ပထမပိုင်းတွင် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းက ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရနေပြီး ဒုတိယပိုင်းတွင် စွန်ရဲလူငယ်အသင်းက တစ်ဂိုးသွင်းယူကာ ပုသိမ်ဘောလုံးအကယ်ဒမီအသင်းက ၃ ဂိုး ထပ်မံသွင်းယူခဲ့သည်။ ပွဲအပြီးတွင် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းက ၆ ဂိုး၊ ၁ ဂိုးဖြင့် စွန်ရဲလူငယ်အသင်းကို အနိုင်ရရှိပြီး ချစ်ကြည်ရေးခြေစမ်းပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ကျော်လင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)